အခုတလော မလေးလေ ငယ်ငယ်က ဘ၀လေးကို ခဏခဏသတိရနေမိတယ်။ ငယ်မူပြန်တယ်ထင်ပါရဲ့ ။ အသက်သိပ်မကြီးသေးပဲနဲ့ တောင် ငယ်ဘ၀ကိုလွမ်းမိသား။ ကိုယ်ဟကိုယ်သာ မကြီးဘူးထင်နေတာ တကယ်ဆို အသက် သုံးဆယ်ကို သေးသေးလေးကျော်လာပြီဆိုတော့ ကြီးနေပါပြီ။ အရင်တုန်းက မလေးမေမေဆိုအမြဲတမ်းပြောတာ မေမေငယ်ငယ်က ဘယ်လို ဖေဖေငယ်ငယ်ကဘယ်လိုဆိုပြီး မလေးတို့ မောင်နှမ တွေကို မမြဲတမ်းပြောပြတာ။ အဲတုန်းကတော့ ငယ်ဘ၀ကို ဘယ်လိုလွမ်းရတယ်ဆိုတာ နားမလည် တတ်သေးဘူး။ အခုကျတော့ မေမေပြောတဲ့ အကြောင်းတွေကို နားလည်လာခဲ့ပြီ။ အဲဒါမေမေကို မလေးကပြောပြတော့ မေမေလေရယ်လိုက်တာ။ မေမေဘာလို့ ရယ်တာလဲမေးတော့ မေမေကပြောတယ် ငါ့သမိးက အခုမှငယ်ငယ်လေး ရှိသေးတာကိုတဲ့။ မေမေဖေဖေတို့ မျက်စိထဲမှာတော့ အခုအချိန်ထိမလေး ကို ငယ်တယ်လို့ မြင်တုန်းပဲ။ မိဘတိုင်းကတော့ ကိုယ်သားသမီးဆို အိမ်ထောင်ကျ သားသမီးရနေတောင်မှ ကလေးလို့ မြင်တုန်းပဲ။
မလေးဆယ်တန်းတုန်းကမှတ်မှတ်ရရ သူငယ်ချင်းလေးယောက် ရုပ်ရှင်သွားကြည့်တာ။ စာမေးပွဲကြီးဖြေဖို ကလည်း အရမ်းနီးနေပြီ။ မလေးတို့ သူငယ်ချင်းလေးယောက်က အရှေ့က အကိုတွေအမတွေပြောပြောနေတဲ့  စကားလေးကို မှတ်ထားပြီးတော့လိုက်လုပ်ကျတာ။ ဘာတဲ့ ခေါင်းဆေးတာတဲ့ ။ မလေးတို့ သူငယ်ချင်းလေးယောက် ကလည်း ခေါင်းဆေးမယ်ပေါ့ တိုင်ပင်ကြတာ။ တခါမှလည်းမကြည့်ဖူးဘူး။ သွားကြမယ်ပေါ့ရှပ်ရှင်ရုံကို ။ ဒါနဲ့ မလေးတို့ လေးယောက် ရှပ်ရှင်ရုံကိုသွားကြလေသတည်းပေါ့။ ရုပ်ရှင်ရုံ အပေါက်ကိုရောက်ရော လေးယောက်သမားကြောင်တောင်တောင် ဟိုကြည့် ဒီကြည့် လုပ်နေတုန်း ဗြုန်းဆို အတန်းပိုင်ဆရာမကို တွေ့ ပါလေရော။ မလေးတို့ ငယ်ငယ်ကဆရာ ဆရာမတွေက တပည့်တွေအပေါ်မှာ အရမ်းဂရုစိုက်ကြတယ်။သူငယ်ချင်းလေးယောက်ဆိုတာလေ ဆရာမဆိုပြီး အနောက်ကို လှည့်အပြေး မလေး ဖေဖေနဲ့ တန်းတိုးပါရော။ အဲဒါနဲ့ လေးယောက်စလုံးအိမ်ကို ပြန်လိုက်သွားရတယ်။ ရုပ်ရှင်လည်းကြည့်လိုက် ရဘူး။ မလေးတို့ လေးယောက်စလုံး ကြောက်လိုက်တာ အိမ်ရောက်ရင်တော့ ရိုက်ခံ ဆူခံရတော့မှာပဲ ဆိုပြီး အရမ်းကြောက်နေတာ။
တကယ်တမ်းကတော့ မိဘတွေဆို တာ ကိုယ်သားသမီးဘာလုပ်မယ်ဆိုတာ သိပြီးးသား။ မလေးတို့ တိုင်ပင်နေတာကို လည်း ဖေဖေကသိနေတယ်။ မလေးတို့ ကိုအရင် ပေးသွားလိုက်တာ။ ဒီအရွယ်တွေဆိုတာ တားလိုက်ရင် ပိုလုပ်ချင်တတ်ကြတယ်ဆိုတာ သိနေတယ်။ အဲဒါနဲ့  မလေးးတို့ သူငယ်ချင်းလေးယောက် အိမ်ကိုရောက်တော့ ဖေဖေက မေးတယ် မလေးတို့ လေးယောက်ကို ရုပ်ရှင်ကြည့်ချင်ရင် စာမေးပွဲပြီးရင် ဖေဖေကိုယ်တိုင်လိုက်ပို့ ပေးမယ်။ အခုဟာကစာမေးပွဲက အရမ်းနီးနေပြီ ပညာတတ်ကြီးဖြစ်မှ သမီးတို့  အားလုံးရဲ့ ရည်ရွယ်ချက်တွေပြည့်မှာ ကိုယ်ဖြစ်ချင်တာကို အဆုံးထိကြိုးစားရမယ် မတွေဝေရဘူးတဲ့ ။ အဲလောက်လေးပဲ ပြောပြီး မလေးတို့ လေးယောက်ကို သွားသွားစားစရာရှိတာစား ခဏနားပြီးးစာကျက်ကြတဲ့ ။ အလောက်လေးးပဲဖေဖေက ဆုံးမလိုက်တာ။ ကြားထဲမှာပြောဖို့ မေ့နေတာ မလေးက သူငယ်ချင်းးအရမ်းမက်တယ်။ မလေးငယ်ငယ်က သူငယ်ချင်းတွေကိုအရမ်းမင်တယ်။ ၁၀တန်းတုန်းကတော့ တနှစ်လုံး အိမ်မှာ သူငယ်ချင်းနှစ်ယောက်ကို ခေါ်ထားတာ။ မိဘချင်းကလည်းအ ရမ်းရင်းနှီးတဲ့ သူတွေဆိုတော့။ ကျန်တဲ့ တစ်ယောက်ကတော့ သူ့ အိမ်နဲ့ မလေးတို့ အိမ်ကူးနေတာ။ မလေးတို့ သူငယ်ချင်းလေးယောက်စလုံးအမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ကြတယ်။ ငယ်ဘ၀ရဲ့ အမှတ်တရဆို တာတွေကို အယောက်စီတိုင်းမှာ ရှိနေကြမယ်ထင်ပါရဲ့ ။ မလေးတစ်ယောက် ငယ်ဘ၀လေးလွမ်းတုန်း ရှိသေးနောက်က သားတော်မောင် ဟစ်ဟော့လေးက မေမေ ရို့ ရို့ ဆိုပြီး လက်လာတို့ လို့  လွမ်းမိတဲ့ ငယ်ဘ၀လေးတောင် ဘယ်ရောက်သွားပါလိမ့်။ စိုင်းစိုင်းသီချင်းထဲကလိုပဲ မျောလွှင့်နေတဲ့တိမ်လို့  အော်ဆို ရင်း..................................
Image from yahoo
မလေး ဖေဖေ တော်တယ်..
ReplyDeleteဟုတ်တယ် ညီမစန်းထွန်းရေ မလေးဖေဖေက မလေးတို့ မောင်နှမတွေကို ရိုက်တာထက်စာရင် စကားလေးနဲ့ ပဲဆုံးမတာများတယ်။
Deleteငယ်ဘ၀လေးကိုအရမ်းလွမ်းတယ်မလေးရေ။
ReplyDeleteဘယ်တော့မှလည်းပြန်မရနိုင်တော့ပါဘူလေ။
လေးတန်းစာမေးပွဲပြီးတော့ဒက်ဒီ ရုပ်ရှင်လိုက်ပြတာပြန်သတိရသွားတယ်။
အိုင်အိုရာ
မမအိုင်အိုရာရေ ဟုတ်တယ်နော် မလေးတော့ငယ် ဘ၀လေးကို ပြန်စဉ်းစားရင် စိတ်ထဲမှာ ကြည်နူးပျော်ရွှင်မိတယ်။
Deleteငယ်ဘ၀ကတော့ ပြန်တွေးတိုင်း လွမ်းစရာတွေပေါ့ဗျာ...ဒါပေမယ့် ငယ်ဘ၀ကို ပြန်ရချင်သေးသလားလို့လာမေးရင်တော့ နိုးနိုးလို့ ဖြေရမှာပဲ...ကလေးမှာလည်း ကလေးဒုက္ခ ကလေးပြဿနာနဲ့ကိုး...မပြောသာလို့ မပြောရဲလို့ သူများမသိတာပဲ ရှိမယ်...လူကြီးဘ၀ကနေ နောက်ပြန်လှည့်ပြီး လွမ်းရတာပဲ အရသာရှိပါသဗျား...
ReplyDeleteဟုတ်တယ်နော် ဆရာဦးဟန်ကြည် မလေးလည်း ပြန်မငယ်ချင်တော့ပါဘူး။ ငယ်ဘ၀လေးကို လွမ်းရတာကိုပဲ ကျေနပ်ပါပြီ။
ReplyDelete